Tuesday, February 24, 2009

ချာချာ နှင့် ချာတူးလန်ခဲ့သော ချစ်ခြင်း

စာမေးပွဲ နဲ့ မို့ အွန်လိုင်းမတတ်ဖြစ်ပေမယ့် ကျွန်တော်နှစ်သက်တဲ့ ဘလောခ်တစ်ချို့ ကိုတော့ မအားတဲ့ကြားက လည်ပတ်ဖြစ်ပါတယ်။ဘယ်နှယ့် ဗျာ အချစ်အကြောင်းတွေ နဲ့ အသည်းကွဲ တဲ့ အကြောင်းတွေ ၊လှည့်စား ခံလိုက်ရတဲ့ အကြောင်းတွေ ဘဲ ဖတ်နေရတယ် ။ အဲဒီ ပို့စ်တွေ လဲ ဖတ်ပြီးရော ကျွန်တော်လည်း ခံစားချက်တွေက မှိုင်တွေတွေဖြစ်သွားတယ်။ ပို့်စ်တစ်ခု လောက်ရေးလိုက်ရင် ပေါ့သွားလေ မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မနက်ဖြန်စာမေးပွဲ ရှိတဲ့ ကြား က ရေးလိုက်တယ်ဗျိုး...

လူတော်တော်များများ မှာ ချစ်သူ ဘယ်နှစ်မျိုးရှိ လဲ တော့ ကျွန်တော် မသိဘူး ကျနော်မှာတော့ ချစ်သူ နှစ်မျိုးဘဲ ရှိခဲ့တယ်။ အခု တစ်မျိုးတော်ကြာ တစ်မျိုးချစ်သူပေါ့ ဗျာ....

ကျွန်တော် ကို ချစ်လွန်းလို့ ပါဆိုပြီး အိမ်ရှေ့မှာချောင်းပေါက်အောင် ဆိုင်ကယ်နဲ့ ဖြတ်သွားဖြတ်လာလေးလုပ်လိုက်။ အလုပ်သွားရင်လဲ အဝေးက နေ လှမ်း ကြွေ ပြလိုက်နဲ့ နည်းမျိုးစုံ ပါဘဲ ။ကျွန်တော်လို ဘုကျကျ စကားပြောရင် အချိုးက မပြေ အသံက ယောကျာင်္းသံ ကြီးနဲ့ စိတ်တိုရင်လဲ စကားမပြောဘဲ တွေ့ရာနဲ့ ကောက်ရိုက် အဲလို လူမျိုးကို ကောင်လေး ချောချော တစ်ယောက်က ကြွေပြတယ်ဆိုတော့ ကျွန်တော်တို့ ရပ်ကွက်ထဲမှာရော ကျောင်းမှာရော အလုပ်မှာပါ လူတိုင်းပြောစရာ ဖြစ်နေပေ မယ့် အဲဒီ လူကြီးကတော့ ကျနော် ကို စွဲမြဲ စွာ ဇွဲရှိရှိနဲ့ လိုက်နေတာ သုံးနှစ်ကျော် လေးနှစ်ထိ ဆိုပါတော့ .....
နောက်ဆုံးတော့ ချာချာတို့ လဲ ဘာသားနဲ့ ထုထားတာမို့လဲ ...အဲလို နဲ့ ရည်းစားဖြစ်သွားရော....
ရည်းစား သက်တမ်း ၆ လ အကြာမှာ ဒင်းက ကျနော်ကို စတင်ချုပ် ချယ်လာတယ်. ရင်ဖုံးအကျီနဲ့ ထဘီ ၀တ်ရမယ်တဲ့ ဆံပင်ရှည်ထားရမယ်တဲ့ ။ ဆံပင်ရှည်ထားတာကတော့ထားပါတော့ ကျနော် အမေလဲ ပြောနေတယ်ဆိုတော့ ဆံပင်ညှပ်ခလဲ သက်သာအောင် ထားမယ်ပေါ့ ။ ထဘီကတော့ အလုပ်သွားတဲ့ အချိန်မှာ ၀တ်ဖြစ်ပေမယ့် ။ အိမ်နေရင်းတော့ သရီးကွားတားနဲ့နေတာ ကို ဒင်းက အပြစ်လို့ မြင်လာတယ်။ ရင်ဖုံးအင်္ကျီဝတ်ဖို့ ဆိုတာ ချာချာတို့ ဘ၀မှာ ဘယ်တော့ မှ မတွေးမိတဲ့ အရာ...
အဆိုးဆုံးကတော့ ကျနော် အမေနဲ့ အဖေက ကျွန်တော့ကို ယောကျာင်္းလေးတစ်ယောက်လို အားကိုးပြီး အိမ်အလုပ် ၊ မိဘကူတဲ့ အလုပ်တွေ အားလုံးကို ချာလပတ်လည်အောင် မငြီးမငြူလုပ်ပေးလို့ (ကြေငြာဝင်တာ)ဆိုပြီး ချစ်စနိုးနဲ့ ချာချာ လို့ ခေါ်တဲ့ နာမည်ကို မသုံးရဘူးတဲ့ဗျာ........
လူလည်း အတော်စိတ်လေ သွားတာလေ.... ကျနော်ကို ချစ်တုန်းကတော့ နာမည်ကလည်း အဆန်းသားဆိုပြီး စတင်စိတ်ဝင်စားခဲ့ပြီး မှ အခု ကျနော့နာမည်ကို အပြစ်ရှာလာတယ် ဗျာ.
နောက် ကျနော် ဆံပင်ရှည်လာတော့ ကျနော့်ဆံပင်ကို ဖြောင့်လို့ အပြစ်ရှာလာတယ် ။
"လောကမှာ မင်းတို့ မိန်းမတွေလောက် ဒီ အမွေးနဲ့ ပတ်သတ်ရင် ဇယားရှုပ်တာ မရှိဘူး ဆိုပြီး" ကြိမ်းမောင်းတဲ့ စတိုလ်တွေနဲ့ ပြောလာတော့ ကျနော်လဲ ဒေါပွပြီး လက်ဘက်ရည်ဆိုင်မှာ သူနဲ့ အတူတူ ထိုင်နေရာက ထပြီး ပြန်လာခဲ့တယ် ...အဲဒီနောက် ပိုင်း ကျနော်ဆီကို ဖုန်းဆက်လဲ ကျနော် ဘာမှပြန်မပြောဘူး....
မျက်နှာချင်းဆိုင်တွေ့လည်း စကား ကို ကျနော် က စပြီး လုံးဝ မပြောဘူး။သူမေးတဲ့ မေးခွန်းတွေကို လဲ ကျနော် က ဖြေတဲ့ မေးခွန်းမှ ဖြေတယ် ။နောက်ဆုံးဗျာ သူ့ကို လုံးဝ ဂ၇ုမစိုက်တဲ့ အထာနဲ့နေတော့ သူက ကျနော်ကိုမေးလာတယ်
"ချာချာ မင်း အချိုးက ဘာလဲ ကွာ ဘာစတိုင်လ်လဲ ငါက ဘာကောင်လဲ ကွာ" တဲ့
ကျနော်က လဲ သူ့ကို အစာက ကြေတာ မဟုတ်တော့
ကျုပ် ဖာသာ ဘာ အချိုး ချိုးဗျာ ခင်ဗျား ကို နစ်နာအောင်ဘာတွေ များလုပ်နေလို့ လဲ ခင်ဗျား ဘာကောင်လဲ ဆိုတာ ခင်ဗျားဖာသာတောင်မသိရင် ကျုပ် ဘယ်လို သိမလဲ ဗျာ " ဆိုပြီး ပြောထွက်လာခဲ့တယ်
အဲဒါ ကျနော် က ဒင်းကြီး ကို နောက်ဆုံး အကြိမ် ပြောဖြစ်တဲ့ စကား ဘဲ။
အခု ချိန် ထိ ကျနော် က စပြီး သူ့ကို စကားလဲ မပြောဖြစ်ခဲ့ဘူး ။ သူ မေးတဲ့ မေးခွန်းလဲ ကျနော် မဖြေခဲ့ဘူး။ ကျနော် အပေါ်မှာ ဘာတစ်ခု မှ အကောင်း မမြင်ခဲ့တဲ့ လူတစ်ယောက်ကို ကျနော်ရင်ထဲ မှာ မရှိတော့တာတော့ သေချာတယ် ဗျာ။
ကျနော် မိသားစုကို နားလည်မှု မပေးနိုင်တဲ့ လူတစ်ယောက်ကို ချစ်သူ အဖြစ် ချာချာ တစ်ယောက် ယောင်ချာချာ နဲ့ ရွေးချယ်ခဲ့မိတဲ့ အတွက် ကျနော် ကို ကျနော် တွေးမိတိုင်းဒေါသဖြစ်တယ်ဗျာ။
မိန်းမ တို့ ရှိသင်ရှိထိုက်တဲ့ အချက်အလက်တွေ တော်တော်များများ ကျနော်မှာ မရှိလို့ ကျနော်ကို အပြစ်ရှာပြီး ဖြတ်ပစ်တယ်ဆိုရင် တောင် ကျနော် အဲဒီလူကြီးကို စိတ်နာ မိမှာ မဟုတ်ဘူး ။ မိန်းမတွေ မှာ၇ှိသင့်ရှိထိုက်တဲ့ အချက်အလက်တွေက ဘာလဲ ဆိုတာကျနော် မသိဘူးဗျာ။မိန်းမကလေးပီပီ လှလှပပ ချယ်သနေရအောင်လဲ ကျနော် ၀ါသနာမပါသလို ကျနော် ဘ၀က အဲဒီလောက်လဲ မချောမွေ့ခဲ့ဖူးဗျာ။ မိဘတွေ က မရှိတဲ့ကြားက တင့်တယ်အောင်ထားနေရတဲ့ ဘ၀မှာ သူတို့ ဆင်တာနဲ့ ဘဲ သပ်သပ်ရပ်ရပ်ဖြစ်အောင်နေခဲ့တာက လွှဲလို့ ကျနော် ဘ၀ ဒင်းကြီး တို့ ဘ၀လို မခမ်းနားခဲ့ဘူး။ ကျောင်းပြီး လို့ အချိန်တန် အလုပ်ဝင် ပြီး အသက်ကြီး နေတဲ့ မိဘ တွေ အိုဇာတာ ကောင်းရေးအတွက် သမီးမိန်းကလေး တစ်ယောက် အနေနဲ့ တတ်နိုင်တဲ့ ဘက်က တာဝန်ယူခဲ့ရတဲ့ ကျနော် ဘ၀ကို တိုးဝင်ဖို့ ကြိုးစားလာတာ က သူ ကျနော် ဘ၀ထဲကို ၀င်လာ ဖို့ ကျနော် မဖိတ်ခေါ်ခဲ့မိတာတော့ အမှန်ပါ ။ ကျနော်လို မိန်းကလေးတစ်ယောက်ကို ချစ်ခဲ့မိတဲ့ ဒင်းကြီး အတွက် ကံကောင်းသွားတယ်လို့ ဘဲ ပြောရမှာပေါ့ ။ အခုချိန်ထိ သူ့ဖုန်းဆက်လာရင် ဒင်းကြီး ဟေ့လူကြီး က စခေါ်တာမို့
ချာချာ မင်း အချိုးတွေ ဘယ်တော့ မှ ပြင်မှာလဲ ဆိုပြီး ဖုန်းချသွားတာချည့်ပါဘဲ။ကျနော် မှာ အဲဒီ အတွက် ၀မ်းမနည်းမိပေမယ့် ။ကျနော် ဘ၀ကို ဘာကြောင့်အဲဒီလူကြီး အခု လို နှောက်ယှက်နေတာလဲ ဆိုတာ ကျနော် နားမလည်သေးဘူး။
ကျနော် ကို ဒင်းကြီး က ယောကျာင်္းလိုလို မိန်းမ လိုလို စတိုင်လ်မို့ အမြင်ကတ်လို့ သင်ခန်းစာပေးသွားတယ်ဆိုရင်လဲ ကျေးဇူးပေါ့ဗျာ ။ သူ့ မှာ အချိန်တွေ ပိုနေလို့ ကျနော်ကို သင်ခန်းစာတွေပေးသွားတဲ့ အတွက်ပေါ့
ကျနော် ရဲ့ ချာတူးလန်နေတဲ့ အချစ် ကြုံတွေ့ခဲ့ဖူးတဲ့ အချစ်အကြောင်းကို မျှဝေတာပါ ဘာရယ်မဟုတ်ပါဘူး။
ကျနော် စာလည်းကောင်းကောင်းမေ၇းတတ်ပါဘူး ကျနော် ခံစားနေရတဲ့ အတိုင်းဘဲ ရေးလိုက်တာပါ
လိုအပ်ချက်တွေ အများကြီး ရှိနေသေးသလို အားနည်းချက်တွေလည်း အများကြီးရှိနေအုံးမှာ ပါ အချိန်ရရင်ရသလို ကြိုးစားသွားပါ့မယ်
လေးစားလျက်
ချာချာ

Friday, February 13, 2009

ဘ၀ အတွက် ဆေးတစ်ခွက်

ဘလောခ်သာ ကျမ လုပ်ထားတယ် ။ကျောင်းက စာမေးပွဲနဲ့ အိမ်စာနဲ့ ပိုစ်ကလည်းမတင်ဖြစ် ။

တစ်ခြားဘလောခ်တွေတော့ရောက်ဖြစ်ပေမယ့် စနေတနင်္ဂနွေလောက်သာ နေရာ အနှံလည်ဖြစ်တယ် ။

သောကြာနေ့ မို့ ဒီနေ့ ပို့စ် တင်မယ် စဉ်းစားလိုက်တော့ စိတ်ရှုပ်စရာတွေ များလွန်းတဲ့ လူ့ဘ၀ အထူးသဖြင့် ကျမ

ဘ၀မှာ ကျမ အခက်ခဲ တော်တော်များများ ကို ကျော်လွှာနိုင်အောင် အမြဲတမ်း အားပေးခဲ့ တဲ့ ဆရာ တွေ

အကြောင်း ကို သတိရသွားတယ်။ကျမ တို့ဆရာနဲ့ဆရာမ နာမည်က Mr.kelvy and Mrs .Kay ပါ

သူတို့ လင်မယားနှစ်ယောက် ကို

ကျမ အရမ်းချစ်တယ်။ဆရာနဲ့ဆရာမ ကလည်းကျမကိုသူတို့သွေးရင်းသားရင်နဲ့တန်းတူကိုချစ်ပါတယ်။

အဲတုန်းက ကျမ တို့တွေ မှာလူငယ်တွေချည့်ဘဲ စုပြီးအဖွဲ့လေးတစ်ဖွဲ့ဖွဲ့ထားကြပါတယ်။အဲဒီအဖွဲ့လေးက

အတော်လေးကိုအောင်မြင်ပါတယ်(အဖွဲ့နာမည်ကိုတော့မဖော်ပြတော့ပါဘူး)အဲဒီအဖွဲ့မှာ ကျမ က

အတွင်းေ၇းမှုးအဖြစ်နဲ့ ၂နှစ်တာ လုပ်ခဲ့ပါတယ်။ကျမ တို့အဖွဲ့လေးက အစပိုင်းမှာ

အသင်းသား(၃၀)လောက်နဲ့စခဲ့ပါတယ်။ ၃လအတွင်းမှာဘဲ ကျမ

တို့အဖွဲ့လေးမှာအသင်းဝင်(၆၀၀)ကျော်ရှိပါတယ်(ကျမတို့ အဖွဲ့ကလည်းစည်းရုံးေ၇းမှာအလွန်တော်ကြသလ ပို

စံထားနိုင်တဲ့အနေအထားထိလုပ်ပြနိုင်ခဲ့သလိုAC မှအသိအမှတ်ပြုချင်းနဲ့အတူပံ့ပိုးမှုများကိုလဲရခဲ့ပါတယ် )။ကျမ

တို့အဖွဲ့မှာ များသောအားဖြင့် Youth exchange ပုံစံလေးပါ။နောက်ပြီးကျမတို့အဖွဲ့မှာDebate ပွဲလေးကို လဲ

မကြာခဏပြုလုပ်လေ့ရှိပါတယ်။ကျမ အဲဒီအချိန်က

ကျမသူငယ်ချင်းတွေနဲ့အတတ်ကြွကြွလုပ်ဆောင်ခဲ့ပါတယ်။ကျမ သူငယ်ချင်းArron ကတော့အဲဒီအသင်းရဲ့

president ၊Alice က cashier,vice-president ကတော့ Mike ပါ ကျမတို့တွေအားလုံးက

တစ်ဦးနဲ့တစ်ဦးစည်းစည်းလုံးလုံးနဲ့ချစ်ချစ်ခင်ခင်နဲ့မောင်နှစ်မအရင်းတွေလိုပါဘဲ။ကျမတို့ အဲဒီချိန်က ကျမ

အဲဒီအရွယ်ကျမ ဘာကြောင့်အဲလောက်တတ်ကြွစွာလုပ်ဆောင်ခဲ့သလဲဆိုတာကိုပြန်စမ်းစစ်ကြည့်တယ်။ကျမ

ဖြစ်ချင်တာ ကျမ လုပ်ချင်တာတွေအားလုံးကိုလဲဖြစ်အောင်လုပ်ခဲ့တယ်။ဘာကြောင့်လဲဆိုတာကျမ

သေသေချာချာပြန်လည်သုံးသပ်ကြည့်တယ်။ကျမမှာဘယ်လိုခွန်အားတွေနဲ့ကျမ

နေထိုင်ကျင့်ကြံခဲ့သလဲ။ဘယ်လိုအရာတွေက ကျမ ကိုအဲလိုခွန်အားတွေပေးစေသလဲဆိုတာကိုကျမ

အခုချိန်မှာပြန်လည်စမ်းစစ်ကြည့်လိုက်တဲ့အခါကျမ သတိရသွားတာက တော့ ကျမတို့အသင်းရဲ့ class Motto

လေးပါ
I am very important person.
I am responsiable for my own success.
if it is to be done then I MUST DO IT.

ကျမ တို့ရဲ့အသင်းဆောင်းပုဒ်လေးပါ ကျမ အဲဒီအချိန်က အဲဒီဆောင်းပုဒ်လေးကို ကျမ အခန်းထဲမှာ

ေ၇းပြီးကပ်ထားပါတယ်။ကျမ မနက်အိပ်ရာထတိုင်းအဲဒီMotto လေးကိုသုံးခါရွတ်ပြီးမှကျမ

တစ်နေ့တာအလုပ်တွေကိုစတင်ပြီးလုပ်ပါတယ် ..

ကျမ ကိုနေ့စဉ်ခွန်အားတွေ self- confidence ရှိအောင်လုပ်ပေးခဲ့တာကလည်းဒီဆောင်းပုဒ်လေးကြောင့်ပါဘဲ...

ကျမ အဲဒီအချိန်က ကျမစိတ်ထဲမှာဆောင်းပုဒ်နှစ်ခုကို လက်ကိုင်ထားပြီးလုပ်စရာရှိတာကိုလုပ်ပါတယ်

ပထမတစ်ခုက တော့အထက်ပါဖော်ပြခဲ့တဲ့ကျမ တို့ရဲ့အသင်းက class motto လေးပါ ။

ဒုတိယကတော့ကျမရဲ့ကိုယ်ပိုင် ဆောင်းပုဒ်လေးတစ်ခုပါ။

"If you don't have a smile , I will give you one of mine "ဆိုတဲ့ဆောင်းပုဒ်လေးပါ။ကျမ

အခုလိုစိတ်တွေရှုပ်ထွေးပြီးကိုယ့်ကိုယ်ကိုဒေါသတွေဖြစ်နေချိန် ကျမ ပတ်ဝန်ကျင်က

သူငယ်ချင်းတစ်ချို့အပေါ်မှာအလိုမကျမှုများဖြစ်နေချိန်မှာ တစ်ချိန်က ကျမ

အခက်ခဲတွေကိုဘယ်လိုခွန်အားတွေနဲ့ကျော်လွှာခဲ့လည်းဆိုတာကိုတွေးရင်းက ကျမ

ဘ၀ရဲ့တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်ခဲ့တဲ့လက်စွဲတော်ဆောင်းပုဒ်လေးကိုေ၇ရွတ်ရင်း............................

ကျမ အခက်အခဲတော်တော်များများကို ကျော်လွှား နိုင်ခဲ့ပါတယ်။

ဝေမျှရုံသက်သက်
လေးစားလျက်
ချာချာ

ps. ကျမ တို့ အဖွဲ့လေးသည် မည်သည့်အစိုးရနှင့်မှ မသက်သော နိုင်ငံ ရေး မလုပ်သော ပညာ ရေးသက်သက်သာလုပ်ဆောင်သော ကိုယ်ထူကိုယ်ထ အဖွဲ့လေးသာဖြစ်ပါသည်။

အဝေးရောက်နေတဲ့ သူငယ်ချင်း တစ်ချို့ သာ ဒီစာလေးကို တွေ့ခဲ့ရင် ဆရာတွေနာမည်ကို မြင်တာနဲ့တင်သိမှာပါလေ

Monday, February 9, 2009

ရင်ထဲက ခံယူချက် အပိုင်း အစ တစ်ချို့

ကျမ ခံစားရတာ တွေကို ရေးဖို့ ကျမ ဘလောခ်တစ်ခုကို လုပ်လိုက်တာပါ ....

အီးမေလ်း၊ဘလောခ်စပေါ့ တွေက အလကားရတယ်ဆိုပေမယ့် ကျမရေးမယ့်

အတွေ့အကြုံတွေခံစားချက်တွေကတော့ တန်ဖိုးကြီးကြီး သင်ယူ ထားရတာချည့်ပါဘဲ.......

ကျမ ခံစားချက်တွေကို ရေးခဲ့တယ်ဆိုရင်လဲ ကျမ ရဲ့ ခံစားတတ်တဲ့ အသည်းနှလုံးနဲ့ တန်ဖိုးရှိတဲ့

အချိန်တွေပေါင်းစပ်ပြီး ရေးထားတာပါ....

လောကမှာ လူဖြစ်လာပြီဆိုကတည်းက ကောင်းခြင်းဆိုးခြင်း ဝေဖန်တာကို မလွှဲမသွေကြုံတွေ့ရမှာမို့

နည်းလမ်းတကျ ဝေဖန်မှုမျိုး နဲ့ အချက်ချချ ဝေဖန်မှုမျိုးကို ကြိုဆိုပေမယ့် ။မိုက်ရိုင်းစော်ကားလာရင်တော့

ဆရာတော် ဟောတဲ့ တရားလို လူမိုက်တို့ သွားရာ လမ်းလို့ ဘဲ သတ်မှတ်ပါတယ် :)

ပြည့်တဲ့အိုးကို မဖြည့်တတ်သလို မြေနိမ့်ရာကို လှံမစိုက်တတ်တဲ့
ချာချာ

မီးတောင်ကြား က ကြာတစ်ပွင့်

ကျမ ဘယ်သူလဲ ဆိုတာ မမေးခင် သင်ဘယ်သူလဲ ဆိုတာ ပြောပြနိုင်အောင် ကြိုးစားလိုက်ပါလား။

မုသာ မပါလို့ လင်္ကာမချောဘူးဆိုတဲ့ ဆောင်းပုဒ်ကို ကျမေ၇ှ့မှာ လာချပြမယ်ဆိုရင် လဲ စိတ်မဆိုးတတ်ပါဘူး ...

သက်ေ၇ာက်မှုတိုင်းမှာ တန်ပြန်မှုတော့ရှိနေမှာပါဘဲ........

ပြည့်တဲ့ အိုး ကိုရေမဖြည့်တတ်၊မြေနိမ့်ရာကို လှံမစိုက်တတ်တဲ့

ချာချာ